မိန်းကလေးအားလုံး ဆံပင်အရှည်ထားပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ရွာ
ယူနီကုဒ်ဖြင့်ဖတ်ရန်
ခေတ်ကာလ တိုးတက်လာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲကုန်ကြပါတယ်။ မိတ်ကပ်ကြောင့် မိန်းကလေးတွေကလည်း ပိုပိုလှလာသလို တစ်ဖက်မှာလည်း
သနပ်ခါးဆိုတာ ပျောက်ကွယ်ကုန်ပါတယ်။ တချို့မိန်းကလေးတွေက ဆံပင်တွေဆေးဆိုး အတိုညှပ်ပြီး ကိုရီးယားမလေးတွေလို ဖြစ်ကုန်ကြပါတယ်။ ဒါပေမဲ့ ခုပြောပြမယ့် ရွာက
မိန်းကလေးတွေက တစ်ရွာလုံးနီးပါး မြန်မာဆန်ဆန် ဆံပင်ရှည်လေးတွေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းထားကြတာပါ။ မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ပျားစည်ရွာက
မြန်မာမိန်းကလေးတွေဟာ တစ်ရွာလုံးနီးပါး ဆံပင်အရှည်ကြီးတွေ ထားကြတာပါ။ မြန်မာဆန်ဆန်လေးနဲ့ တကယ့်ကို ကျက်သရေရှိလှပနေကြပါတယ်။ ဆံပင်အတိုလေးတွေ
အဝတ်အစား အတိုအပြတ်တွေနဲ့ ခေတ်ဆန်နေကြတဲ့ ဒီဘက်ခေတ်မှာ ခုလို မြန်မာ့ရိုးရာကို ထိန်းသိမ်းတာဟာ ဂုဏ်ယူလေးစားဖွယ်ဖြစ်ရပ်လေးပါပဲ။ ဒါကြောင့် ပရိသတ်ကြီးတို့လည်း
မိမိတို့မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ အဆိုပါရွာလေးကို ဂုဏ်ပြုစကားလေးတွေပြောကြားရင်း ဂုဏ်ယူနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Leave a Reply
Your email address will not be published. Required fields are marked *