အဖ်က္ေတြေၾကာင့္ ကုသိုလ္လုပ္ေနရင္း စိတ္မခ်မ္းမသာျဖစ္ခဲ့ရတယ္ဆိုတဲ့ စမိုင္းလ္

စမိုင္းလ္ကေတာ့ ကုသိုလ္ေရးဆိုလက္မေႏွး အင္တိုက္အားတိုက္လႉဒါန္းတတ္သူ တစ္ေယာက္ပါ။ ဒီေန႔လည္း သမီးႀကီးျဖစ္သူ Portia ရဲ႕ ၁၅ ႏွစ္ျပည့္ေမြးေန႔အလႉအေနနဲ႔ ေ႐ႊတိဂုံဘုရားမွာ စတုဒီသာလူအေယာက္ ၁၀၀၀ စာ ထမင္းနဲ႔ဟင္းလႉဒါန္းေပး

ခဲ့တာျဖစ္ၿပီး မနက္ျဖန္မွာေတာ့ သစ္တံခါးဆရာေတာ္ႀကီးရဲ႕ အဆုံးအမအရ က်ိဳက္ငါးက်ိဳက္အဓိဌာန္ကို လူဦးေရ ၁၂၇၀ နဲ႔အတူတကြ သြားေရာက္ျပဳလုပ္ၾကမွာျဖစ္ပါတယ္။ သစ္တံခါးဆရာေတာ္ႀကီးကို ယုံၾကည္ကိုးကြယ္သူ စမိုင္းလ္ကေတာ့ ဆရာ

ေတာ္ႀကီးရဲ႕အဆုံးအမကိုခံယူကာ ကုသိုလ္ေရးေတြလုပ္ေလ့ရွိၿပီး ဒီတစ္ေခါက္မွာလည္း သူ႔ရဲ႕ပရိသတ္အခ်ိဳု႔နဲ႔ပါ ကုသိုလ္ေရးတူတူလုပ္ခ်င္တာေၾကာင့္ ဒီအစီအစဥ္ေလးကို စီစဥ္ျဖစ္ခဲ့တာပါ။ပထမပိုင္းမွာေတာ့ လူအမ်ားႀကီးလိုက္လိမ့္မယ္ ထင္မွတ္

မထားခဲ့ေပမယ့္ လူဦးေရ(၁၂၇၀)ဦးအထိရွိလာခ်ိန္မွာေတာ့ စာရင္းပိတ္လိုက္တာျဖစ္ၿပီး လိုက္ပါမယ့္သူေတြအတြက္ ကားအစီးေရ(၂၄)စီး စီစဥ္ခဲ့ပါတယ္။ အဲ့ဒီကေနမွ မေလာက္မွာဆိုးလို႔(၂၅)စီးစီစဥ္ခဲ့ၿပီး ဒီေန႔မွာေတာ့ ေနာက္ထပ္သုံးစီးထပ္တိုးခဲ့ၿပီး

ကားအစီးေရ(၂၈)စီး စီစဥ္ခဲ့ရတယ္လို႔ဆိုပါတယ္။ကားလိုအပ္ခ်က္ေတြရွိလာလို႔ ကားငွားခဲ့တဲ့အခ်ိန္မွာေတာ့ ကားသမားေတြက ေဈးထပ္တင္တာေၾကာင့္ စမိုင္းလ္ကေတာ့ ဘုရားတရားလုပ္ေနတာေတာင္ အဖ်က္ေတြက ရွိတယ္ဆိုၿပီး စိတ္ဆိုးခဲ့တာပါ။

စမိုင္းလ္ကေတာ့ သူ႔နဲ႔အတူလိုက္ပါေဆာင္႐ြက္လိုသူတိုင္း လြယ္ကူအဆင္ေျပေခ်ာေမြေအာင္ ကား(၂၈)စီးစီစဥ္ခဲ့ရတဲ့အျပင္ မနက္စာအတြက္ ေပါက္စီနဲ႔ ညေနဗိုလ္တစ္ေထာင္ဘုရားမွာ စတုဒီသာသုံးေဆာင္ႏိုင္ဖို႔ပါ စီစဥ္ေပးသြားမွာျဖစ္ပါတယ္။ဒါ့အျပင္

ကားစီးရာမွာအဆင္ေျပေစဖို႔ အေရာင္ခြဲထားတဲ့လက္ပတ္ေတြအျပင္ က်န္းမာေရးမေကာင္းသူေတြအတြက္ Nurse သုံးေယာက္၊ အဖြဲ႕တစ္ဖြဲ႕စီအတိုင္းအတြက္ ဘုရားစာတိုင္ေပးဖို႔ ဆရာေတာ္သုံးပါး၊ ကား(၂၈)စီးအတြက္ တစ္စီးမွာ Volunteer(၂)ေယာက္စီ

ပါဝင္မွာျဖစ္ၿပီးအကုန္လုံးကို အေသးစိတ္စီစဥ္ထားေပးခဲ့တာပါ။ ကိုယ္က ေစတနာရွိရွိနဲ႔အကုန္လုပ္ေပးေပမယ့္လည္း လိုအပ္ေနခ်ိန္မွာ စီၤးပြားေရးအျမတ္ထုတ္တဲ့ကားသမားေတြေၾကာင့္ စမိုင္းလ္ကေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္ေနခဲ့ရေပမယ့္ အမ်ား

ျပည္သူအတြက္စဥ္းစားေပးတဲ့ဒီအလႉေၾကာင့္ ရလာမယ့္ကုသိုလ္ေတြကေတာ့ မနည္းမေနာပါပဲေနာ္။ပရိသတ္ႀကီးအတြက္လည္း စမိုင္းလ္ရဲ႕အလႉအတြက္ သာဓုေခၚႏိုင္ေအာင္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

စမိုင်းလ်ကတော့ ကုသိုလ်ရေးဆိုလက်မနှေး အင်တိုက်အားတိုက်လှူဒါန်းတတ်သူ တစ်ယောက်ပါ။ ဒီနေ့လည်း သမီးကြီးဖြစ်သူ Portia ရဲ့ ၁၅ နှစ်ပြည့်မွေးနေ့အလှူအနေနဲ့ ရွှေတိဂုံဘုရားမှာ စတုဒီသာလူအယောက် ၁၀၀၀ စာ ထမင်းနဲ့ဟင်းလှူဒါန်းပေး

ခဲ့တာဖြစ်ပြီး မနက်ဖြန်မှာတော့ သစ်တံခါးဆရာတော်ကြီးရဲ့ အဆုံးအမအရ ကျိုက်ငါးကျိုက်အဓိဌာန်ကို လူဦးရေ ၁၂၇၀ နဲ့အတူတကွ သွားရောက်ပြုလုပ်ကြမှာဖြစ်ပါတယ်။ သစ်တံခါးဆရာတော်ကြီးကို ယုံကြည်ကိုးကွယ်သူ စမိုင်းလ်ကတော့ ဆရာ

တော်ကြီးရဲ့အဆုံးအမကိုခံယူကာ ကုသိုလ်ရေးတွေလုပ်လေ့ရှိပြီး ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ပရိသတ်အချိုု့နဲ့ပါ ကုသိုလ်ရေးတူတူလုပ်ချင်တာကြောင့် ဒီအစီအစဉ်လေးကို စီစဉ်ဖြစ်ခဲ့တာပါ။ပထမပိုင်းမှာတော့ လူအများကြီးလိုက်လိမ့်မယ် ထင်မှတ်

မထားခဲ့ပေမယ့် လူဦးရေ(၁၂၇၀)ဦးအထိရှိလာချိန်မှာတော့ စာရင်းပိတ်လိုက်တာဖြစ်ပြီး လိုက်ပါမယ့်သူတွေအတွက် ကားအစီးရေ(၂၄)စီး စီစဉ်ခဲ့ပါတယ်။ အဲ့ဒီကနေမှ မလောက်မှာဆိုးလို့(၂၅)စီးစီစဉ်ခဲ့ပြီး ဒီနေ့မှာတော့ နောက်ထပ်သုံးစီးထပ်တိုးခဲ့ပြီး

ကားအစီးရေ(၂၈)စီး စီစဉ်ခဲ့ရတယ်လို့ဆိုပါတယ်။ကားလိုအပ်ချက်တွေရှိလာလို့ ကားငှားခဲ့တဲ့အချိန်မှာတော့ ကားသမားတွေက ဈေးထပ်တင်တာကြောင့် စမိုင်းလ်ကတော့ ဘုရားတရားလုပ်နေတာတောင် အဖျက်တွေက ရှိတယ်ဆိုပြီး စိတ်ဆိုးခဲ့တာပါ။

စမိုင်းလ်ကတော့ သူ့နဲ့အတူလိုက်ပါဆောင်ရွက်လိုသူတိုင်း လွယ်ကူအဆင်ပြေချောမွေအောင် ကား(၂၈)စီးစီစဉ်ခဲ့ရတဲ့အပြင် မနက်စာအတွက် ပေါက်စီနဲ့ ညနေဗိုလ်တစ်ထောင်ဘုရားမှာ စတုဒီသာသုံးဆောင်နိုင်ဖို့ပါ စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ဒါ့အပြင်

ကားစီးရာမှာအဆင်ပြေစေဖို့ အရောင်ခွဲထားတဲ့လက်ပတ်တွေအပြင် ကျန်းမာရေးမကောင်းသူတွေအတွက် Nurse သုံးယောက်၊ အဖွဲ့တစ်ဖွဲ့စီအတိုင်းအတွက် ဘုရားစာတိုင်ပေးဖို့ ဆရာတော်သုံးပါး၊ ကား(၂၈)စီးအတွက် တစ်စီးမှာ Volunteer(၂)ယောက်စီ

ပါဝင်မှာဖြစ်ပြီးအကုန်လုံးကို အသေးစိတ်စီစဉ်ထားပေးခဲ့တာပါ။ ကိုယ်က စေတနာရှိရှိနဲ့အကုန်လုပ်ပေးပေမယ့်လည်း လိုအပ်နေချိန်မှာ စီၤးပွားရေးအမြတ်ထုတ်တဲ့ကားသမားတွေကြောင့် စမိုင်းလ်ကတော့ စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရပေမယ့် အများ

ပြည်သူအတွက်စဉ်းစားပေးတဲ့ဒီအလှူကြောင့် ရလာမယ့်ကုသိုလ်တွေကတော့ မနည်းမနောပါပဲနော်။ပရိသတ်ကြီးအတွက်လည်း စမိုင်းလ်ရဲ့အလှူအတွက် သာဓုခေါ်နိုင်အောင်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *